19 Sep 2021

အင်္ဂလန်နိုင်ငံရှိ University of Birmingham တွင် FOUNDATION YEAR ကင်းလွတ်ခွင့်ဖြင့် BSc Business Management ပထမနှစ်ကို တိုက်ရိုက်သင်ကြားခွင့် ရရှိသည့် GAC ကျောင်းသူ မထွေးအိအိဝင်း

iGCSE ပြီးပြီးချင်းမှာပဲ GAC Grade 12 Program (Batch-12)ကိုတက်ဖို့ရွေးချယ်ခဲ့ပါတယ်။ ညီမရဲ့အစ်ကိုလည်း GAC Grade 12 Program(Batch-3)မှာတက်ခဲ့ပြီး GAC Grade 12 Programရဲ့ သင်ကြားမှုတွေက လက်ရှိသူ့ရဲ့ တက္ကသိုလ်သင်ကြားရေးအတွက် တကယ်အထောက်အကူဖြစ်တယ်ဆိုတာပြောပြခဲ့ပါတယ်။

GAC Grade 12 Programတက်ခဲ့တဲ့တစ်လျှောက်လုံး ဆရာ၊ဆရာမတွေရဲ့ အကူအညီတွေ အများကြီးရခဲ့ပါတယ်။ ကျောင်းစာအပြင်Time Management Skills တွေ၊Presentation Skillsတွေ၊ Report Writing၊ Referencing Skillsတွေက ယူကေပညာရေးနဲ့အံဝင်ဂွင်ကျဖြစ်အောင် အမှန်တကယ်အထောက်အကူပေးခဲ့ပါတယ်။

GAC Grade 12 Programပြီးတဲ့အချိန် CROWN Education အကူအညီနဲ့ UCASက ကျောင်း (၅) ကျောင်းကိုလျှောက်ခဲ့ပြီး နောက်ဆုံး University of Birmingham ကိုရွေးချယ်ခဲ့ပါတယ်။ University of Birminghamက Russell Group အဖွဲ့ဝင်ဖြစ်တာရယ် ကမ္ဘာ့အဆင့် Top 100 University စာရင်းဝင်တာရယ်၊ GPA(3.0)ရမှတ်ရယ်၊ IELTSရမှတ်တွေနဲ့ တက္ကသိုလ်ပထမနှစ်ကို Direct Entry ဝင်ခွင့်ရတာကြောင့် ရွေးချယ်ခဲ့ပါတယ်။

.

Ma Htwe Ei Ei Win

(University of Birmingham)

Business Management