06 Sep 2021

ဂျပန်နိုင်ငံရှိ Tokyo International University တွင် ၅၀% ပညာသင်ဆု ချီးမြှင့်ခံရသည့် အပြင် Japan Student Service Organization ကပေးအပ်သော ပညာသင်ဆုကိုပါ ထပ်မံရရှိခဲ့သည့် မဖူးဝေလွင်

မြန်မာနိုင်ငံမှာ GAC Grade 12 Foundation Program ကိုတက်ရောက်သင်ယူခဲ့ပြီး ဂျပန်နိုင်ငံရှိ Tokyo International University တွင် ၅၀% ပညာသင်ဆုဖြင့် ဆက်လက်တက်ရောက်ခွင့်ရရှိခဲ့သည့်အပြင် Japan Student Service Organization ကချီးမြှင့်သော ပညာသင်ဆုကိုပါ ထပ်မံရရှိခဲ့သည့် မဖူးဝေလွင် အတွက် CROWN Education and Royal Academic Institute မိသားစုမှ အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။

ဘယ်အချက်တွေကြောင့် ပြည်ပမှာပညာသင်ဖို့ ရွေးချယ်ခဲ့တာလဲ?

ညီမအနေနဲ့ပြည်ပမှာ ပညာသင်ဖို့ဆုံးဖြတ်လိုက်တဲ့ အဓိကအချက် ကတော့ မတူညီတဲ့သင်ကြားမှု သင်ယူမှုပုံစံကြောင့်ပါ … ညီမစိတ်ဝင်စား တဲ့ မေဂျာကိုသင်ယူရင်း တစ်ဖက်ကလည်း တခြားဘာသာစကားနဲ့ ရိုးရာဓလေ့တွေ လူနေမှုပုံစံတွေ အစုံကိုလေ့လာပြီးသားလည်းဖြစ်အောင်ပါ … နောက်တစ်ချက်ကတော့ ပြည်ပတက္ကသိုလ်တွေမှာ နိုင်ငံတကာကလာတဲ့ လူတွေနဲ့ မိတ်ဆွေဖွဲ့ပြီး သူတို့ရဲ့ Cultureကို အနီးကပ်လေ့လာခွင့်ရတယ် ဆိုတော့ Experiencing a New World ပေါ့

ပြည်ပပညာရေးမသွားခင် ဘာတွေအဓိကထားပြင်ဆင်ခဲ့လဲ?

ဟုတ်ကဲ့ ညီမအနေနဲ့ ပြည်ပသင်ကြားရေးမသွားခင် လိုအပ်တာတွေကို ဘက်စုံပြင်ဆင်ခဲ့ပါတယ် စိတ်ပိုင်းဆိုင်ရာ ပညာရေးပိုင်းဆိုင်ရာ အစုံပေါ့… ညီမက အစိုးရပညာရေးကလာခဲ့တဲ့သူဆိုတော့ ပြည်ပ သင်ကြားရေးမှာ ကြုံတွေ့ရမယ့် Academic ပိုင်းဆိုင်ရာအတွက် CROWN Educationရဲ့ American College Program (ACT-GAC Program) ကို အရင်ဆုံးပြင်ဆင်ခဲ့ပါတယ်။ ACT-GAC Program တက်ခဲ့တဲ့ (၁)နှစ်ဆိုတဲ့အချိန်အတွင်းမှာ Academic Writing, Public Speaking, Business and Scienceနဲ့ တက္ကသိုလ်တက်တဲ့ အချိန်မှာ တော်တော်လေးကို အရေးပါတဲ့ Academic Preparationနဲ့ အဓိက လိုအပ်ချက် ဖြစ်တဲ့ IELTS ကိုလည်း CROWN Educationက ဆရာ ဆရာမတွေဆီကနေလေ့လာပြင်ဆင်ခဲ့ပါတယ်။

ယူကေ၊ယူအက်စ်၊သြစတြေးလျကတက္ကသိုလ်တွေကို မရွေးချယ်ဘဲ Tokyo International Universityကို ရွေးချယ်ဖြစ်ခဲ့တာက…

ဂျပန်နိုင်ငံမှာ တက္ကသိုလ်တက်ဖို့ရွေးလိုက်တဲ့ အကြောင်းအရင်းကတော့ အများကြီးပဲ … ပထမအချက်ကတော့ ဂျပန်နိုင်ငံက မိန်းကလေးတွေ အတွက် တော်တော်လေးလုံခြုံတယ် … ပြီးတော့ ဂျပန်ဘာသာစကားကို သင်ကြားရင် ကိုယ်စိတ်ဝင်စားတဲ့မေဂျာကို အင်္ဂလိပ်လို လေ့လာခွင့် ရတယ် ဆိုတော့ ခဲတစ်လုံးနဲ့ ငှက်သုံးကောင် ပစ်လိုက်တာပေါ့ အခုတက်နေတဲ့ TIU တက္ကသိုလ်မှာ ကမ္ဘာ့နိုင်ငံအသီးသီးကလူတွေနဲ့ သူငယ်ချင်းလုပ်လို့ရမယ်ဆိုတာကြောင့်လည်း ပါပါတယ်

TIUမှာ လျှောက်ထားနိုင်တဲ့ပညာသင်ဆုတွေက ….

Tokyo International Universityမှာက နိုင်ငံတကာ ကျောင်းသားတွေအတွက် ၃၀%, ၅၀%, ၈၀%, ၁၀၀%ဆိုပြီး ပညာသင်ဆုပေးပါတယ်…ကျောင်းစာအရမ်းတော်မှ ပညာသင်ဆု ပေးမယ်ဆိုတာမျိုး တော့ သတ်မှတ်ချက်မရှိပါဘူး။ ဘာကြောင့် ပညာသင်ဆုရချင်တာလဲ … ကျောင်းစာအပြင် တခြားဘယ်လို လုပ်ဆောင်ချက်ရှိတယ်ဆိုတာကိုကျောင်းဝင်ခွင့်နဲ့အတူ Essay ရေးတင်ရတယ်။ Tokyo International University ရဲ့ ပညာသင်ဆုရသူအနေနဲ့ ကျောင်းပြီးရင် ဘာပြန်လုပ်ပေးရမယ် ဆိုပြီးလည်း ချုပ်နှောင်မှုမရှိပါဘူး။ ပြီးတော့ နိုင်ငံတကာကျောင်းသား တွေ အနေနဲ့ တစ်ပါတ်ကို ၂၈နာရီ Part-Time အလုပ်လုပ်ခွင့် လည်းရှိပါတယ်။

ဘယ်အချိန်ကစပြီး စီးပွားရေးဘာသာရပ်ကိုစိတ်ဝင်စားခဲ့တာလဲ?

Business ကို စိတ်ဝင်စားမှန်း ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်မိတာ ကတော့ မကြာသေးပါဘူး။ ငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့တာက Cosmetologyပါ … မိတ်ကပ်လိမ်းတဲ့ အပိုင်းမဟုတ်ပဲ Skin Care တွေ Cosmetics တွေရဲ့ ထုတ်လုပ်မှုအပိုင်းတွေကို သဘောကျတာပါ … အဲ့ဒါက ဓာတုဗေဒပိုင်းနဲ့ သက်ဆိုင်နေတယ်။ ဒါကြောင့် မေဂျာဆုံးဖြတ်ဖို့ ခက်ခဲခဲ့ပါတယ် Business ဆိုတဲ့ Final Decision ကို ချနိုင်ဖို့ GAC Programမှာ Science ရော Business ရော နှစ်ခုလုံးကို ပြင်ဆင်နိုင်တဲ့အတွက် ညီမတကယ်ဖြစ်ချင်တာက Cosmetologist ထက် Cosmetics Line ကို ဖြန့်တဲ့ပိုင်းဆိုတာကို သိလိုက်ရတယ်။ အဲ့ဒါတွေကြောင့် အခု Business Economics ကို သင်ယူလေ့လာနေပါတယ်

ACT-GAC Grade 12 Program တက်ရောက်ပြင်ဆင်ခြင်းဖြင့် –

ဆယ်တန်း(သို့မဟုတ်)iGCSEဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား/သူများအနေဖြင့် ကနေဒါ-ယူကေ-သြစတြေးလျ-စင်ကာပူ နိုင်ငံရှိတက္ကသိုလ်များတွင် Foundation ပြန်တက်ရန် မလိုအပ်ဘဲ တက္ကသိုလ်ပထမနှစ်မှစတင်တက်ရောက်နိုင်ခြင်း၊

အမေရိကန် ပြည်ထောင်စုရှိ တက္ကသိုလ်ကြီးများတွင် ဘာသာရပ်ကင်းလွတ်ခွင့်များ နှင့်အတူ ပညာသင်ဆုများလျှောက်ထားနိုင်ခြင်းတို့ကြောင့် အချိန်နှင့်ငွေကြေးကုန်ကျမှုသက်သာစေခြင်း၊

Global Assessment Certificate (ACT-GAC Grade 12 Program) ကို ပြည်တွင်းတွင် (၁)နှစ်တက်ရောက်ပြင်ဆင်ခြင်း ဖြင့် နိုင်ငံတကာရှိ Rankingမြင့်တက္ကသိုလ်များသို့ ပညာသင်ဆု အခွင့်အလမ်းများဖြင့် လျှောက်ထားနိုင်ခြင်း၊

ACTနှင့် IELTS ရမှတ်ကောင်းများရရှိအောင် သင်ကြားပေးနေပြီး ဆယ့်နှစ်တန်းနှင့်ညီမျှသည့်အတွက် တက္ကသိုလ်ရွေးချယ်ရာတွင် အကန့်အသတ်မရှိဘဲ စိတ်ကြိုက်လျှောက်ထားနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။

GAC Program၏ အသေးစိတ်အချက်အလက်များနှင့် တက်ရောက်ပြီးစီးသည့်အခါ ဆက်လက်သင်ယူနိုင်သည့် နိုင်ငံတကာ တက္ကသိုလ်များ၊ လျှောက်ထားနိုင်သည့် ပညာသင်ဆုများအကြောင်းကို https://crown.edu.mm/gac/ လင့်ခ်မှတဆင့်လည်း ဝင်ရောက်လေ့လာနိုင်ပါသည်။

GACနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုသည်များကို CROWN Education and Royal Academic Institute ရုံးဖုန်းနံပါတ်များဖြစ်သည့် 09 977 977 200 နှင့် 09 4455 66 701~2သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်သလို Zoom Video Conferenceဖြင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်