07 Jun 2021

“နိုင်ငံတကာအဆင့်မြင့်ဘွဲ့ဒီဂရီများရယူနိုင်ရန် မြန်မာနိုင်ငံ၏ပထမဦးဆုံး OVERSEA EDUCATION LOAN PROGRAMကို CROWN EDUCATIONတွင် စတင်လျှောက်ထားနိုင်ပါပြီ”

ယခု (၂ဝ၂၁)ခုနှစ်ကစတင်ပြီး မြန်မာကျောင်းသူ၊သားတွေ၊ မိဘတွေအတွက် မြန်မာနိုင်ငံရဲ့ ပထမဆုံး Oversea Education Loan Programကို CROWN Educationကနေ လျှောက်ထားနိုင်တော့မှာဖြစ်ပါတယ်။

CROWN Educationရဲ့ Oversea Education Loan Programဆိုတာဘာလဲ။ ဘယ်သူတွေလျှောက်ထားနိုင်မလဲ။
Oversea Education Loan Programဟာဆိုရင် နိုင်ငံတကာက တက္ကသိုလ်တွေ၊ကျောင်းတွေမှာ ပညာဆက်လက်သင်ကြားလိုသူတွေအတွက် ပညာသင်စရိတ်ချေးငွေ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

– မြန်မာအစိုးရပညာရေး ဆယ်တန်းအောင်မြင်ထားသူများ၊
– HND Level 4, Level 5 တက်ရောက်ပြီးစီးထားသူများ၊
– iGCSE O’level (သို့) နိုင်ငံတကာ ၁၂တန်းနှင့်ညီမျှသည့် ပညာရေးလက်မှတ်တစ်ခုခုကိုင်ဆောင်ထားသူများ၊
– အသိအမှတ်ပြုတက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိထားသူများ၊
– ဘွဲ့လွန်ဒီပလိုမာတစ်ခုခုရရှိထားသူများအနေဖြင့် အဆိုပါ ပညာသင်စရိတ်ချေးငွေကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

Oversea Education Loan Programကို ဘယ်နိုင်ငံတွေအတွက် လျှောက်ထားလို့ရလဲ။ ဘယ်လို ပရိုဂရမ်တွေ လျှောက်ထားနိုင်မလဲ။
Oversea Education Loan Programကို ယူကေ-အမေရိကန်-စင်္ကာပူ-ထိုင်းနိုင်ငံရှိ တက္ကသိုလ်များ၊ကျောင်းများအတွက် စတင်လျှောက်ထားနိုင်မှာဖြစ်ပြီး
-ယူကေပညာရေးစိတ်ဝင်စားသူတွေအနေနဲ့ – အချိန်(၁)နှစ်သာကြာမြင့်တဲ့ HND Bachelor Degree (Top-Up), MBA, MSc ပရိုဂရမ်များ၊
-????????????????????????အချိန် (၂)နှစ်သာ ကြာမြင့်တဲ့ အမေရိကန်ပြည်ထောင်စုမှ Associate Degree ပရိုဂရမ်များ၊
-စင်္ကာပူနိုင်ငံအတွက် – Diplomaပရိုဂရမ်များ၊ Postgraduate Diplomaပရိုဂရမ်များနှင့် Master Degreeပရိုဂရမ်များနှင့်
-ထိုင်းနိုင်ငံရှိ Master Degreeပရိုဂရမ်များကို လျှောက်ထားနိုင်ပါတယ်။ ဒါတင်မကသေးဘဲ စာသင်ကြားချိန်ပိုမိုကြာမြင့်သော ၃နှစ် (သို့) ၄နှစ် ဘွဲ့ဒီဂရီများအတွက်လဲ ဆက်လက်စဉ်းစားပေးသွားမှာဖြစ်ပါတယ်။

ယူကေ-အမေရိကန်-စင်္ကာပူ-ထိုင်းနိုင်ငံက ဘယ်တက္ကသိုလ်တွေကို လျှောက်ထားလို့ရလဲ။
CROWN Educationနဲ့ ချိတ်ဆက်ထားတဲ့ ယူကေ-အမေရိကန်-စင်္ကာပူ-ထိုင်းနိုင်ငံမှ တက္ကသိုလ်ပေါင်း (၁၅ဝ)ကျော်ကိုလျှောက်ထားနိုင်တာဖြစ်ပြီး https://crown-education.org/universitymap/ မှာလည်း နိုင်ငံအလိုက် တက္ကသိုလ်စာရင်းတွေကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

CROWN Education’s Oversea Education Loan Programကို ဘယ်လိုလျှောက်ထားရမလဲ။
ပညာသင်စရိတ်ချေးငွေ လျှောက်ထားလိုသူများအနေဖြင့် http://bit.ly/crowneduloan_2021 မှတဆင့် online application formကို ပြည့်စုံစွာဖြည့်သွင်းပြီး လျှောက်ထားနိုင်ပါတယ်။