Ontario Secondary School Diploma (OSSD) Program

Receive a globally recognized Canadian credential, the OSSD.

ossd

OSSD at Royal Academic Institute

OSSD ဆိုသည်မှာ ကနေဒါနိုင်ငံ Ontario ပြည်နယ်မှအထက်တန်းအောင်မြင်ပြီးဆုံးသည့် ကျောင်းသူကျောင်းသားများကို ထုတ်ပေးသည့် ဒီပလိုမာ လက်မှတ်ဖြစ်သည်။ အဆိုပါလက်မှတ်ကို ကနေဒါနိုင်ငံ Ontario, Ministry of Education မှတိုက်ရိုက်ထုတ်ပေးသည်။ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများလေ့လာသင်ယူနိုင်ရန် ကနေဒါနိုင်ငံ Ontario ရှိ Kanata Academy International နှင့် CROWN Education & Royal Academic Institute တို့ပူးပေါင်းလျက် မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အဆိုပါဒီပလိုမာကို သင်ကြားပို့ချ ပေးနေပါသည်။ Kanata Academy International သည် BSID 665538 ဖြင့် ကနေဒါနိုင်ငံ Ontario Ministry of Education မှ Credit-Granting Authority ရရှိထားပြီးဖြစ်ပါသည်။

OSSD Delivery

ကနေဒါနိုင်ငံတွင် OSSD လက်မှတ်ရရှိရန် အထက်တန်းကျောင်းများတွင် (၉) တန်းမှ (၁၂) တန်းအတွင်း Credit 30 သင်ယူ ရရှိရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင်သင်ကြားပေးမည့် Canadian High School Diploma (OSSD) ရရှိရန်အတွက်အနည်းဆုံး 6 Courses သို့မဟုတ် 7 Courses သင်ကြားရန်လိုအပ်သည်။

အချိန်တစ်နှစ်အတွင်း OSSD ပြီးမြောက်ရန်နှင့် Credit မည်မျှထပ်မံယူရမည်ကိုသိရှိနိုင်ရန် မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများ၏ ဆယ်တန်း အောင်လက်မှတ် သို့မဟုတ် iGCSE/ GCE A-Level ရမှတ်များကို ကနေဒါ နိုင်ငံ တွင် Prior Learning Assessment Recognition (PLAR) စနစ်ဖြင့် ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အခြေစိုက် Kanata Academy International မှစစ်ဆေးပေးမည်ဖြစ်သည်။ ထို့နောက်လိုအပ်သည့်ဘာသာရပ်များ/ Credit များကို Kanata Academy International နှင့် CROWN Education & Royal Academic Institute မှ ပူးပေါင်း သင်ကြား ပေးပါမည်။

OSSD လက်မှတ်ရရှိပြီးပါက ကနေဒါနိုင်ငံရှိတက္ကသိုလ်များသာမကပဲ၊ သြစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ စင်္ကာပူအစိုးရတက္ကသိုလ်များ သို့ပါလျောက်ထားနိုင်သည်။

OSSD Modules

ကျောင်းသူ/သား၏နောက်ခံပညာရေးမှတ်တမ်းနှင့်တက္ကသိုလ်တွင်ဆက်လက်သင်ယူရန်စိတ်ဝင်စားသော ဘာသာရပ်/ မေဂျာပေါ်တွင်မူ တည်၍ အောက်ပါ ဘာသာရပ်တွေကိုရွေးချယ်သင်ယူနိုင်သည်။

Social Science Stream Engineering & Technology Stream Math, Business & Computer Science Stream Health & Science Stream
1. English Literature 1. English Literature 1. English Literature 1. English Literature
2. World History 2. Advanced Functions 2. Advanced Functions 2. Advanced Functions
3. Economics 3. Calculus & Vectors 3. Calculus & Vectors 3. Calculus & Vectors
4. Canadian Politics 4. Chemistry 4. Mathematics of Data Management 4. Chemistry
5. Nutrition & Health 5. Physics 5. Economics 5. Biology
6. Elective course 6. Elective course 6. Accounting 6. Health & Nutrition
7. Elective course 7. Elective course

Entry Requirements for OSSD

11

OSSD for Medical School

မြန်မာနိုင်ငံ CROWN-RAI တွင် OSSD ပြင်ဆင်ပြီး UK, Poland, Hungary နိုင်ငံများတွင် MBBS, Dentistry, Pharmacy ဘွဲ့များအတွက် တက္ကသိုလ်သို့တိုက်ရိုက်လျှောက်ထားနိုင်သည်။ အင်္ဂလန်ဆေးတ္ကသိုလ်များသို့လည်းတိုက်ရိုက်လျှောက်ထားနိုင်ပြီး OSSD ပြင်ဆင်ရာတွင် ဆယ်လသာကြာမြင့်နိုင်သည့်အတွက် GCE A ပြင်ဆင်သည့် (၂) နှစ်အချိန်ထက်များစွာအချိန်ကုန်သက်သာနိုင်သည်။ 

UK ဆေးတက္ကသိုလ်များတွင်ကုန်ကျစရိတ်များသော်လည်း၊ Hungary, Poland နိုင်ငံများတွင် တစ်နှစ် US$ 8000 မှ US$ 16000 သာကုန်ကျနိုင်သည်။ နေထိုင်စားသောက်စရိတ်မှာလည်းအဆိုပါနိုင်ငံများတွင် တစ်လ US$ 300 မှ US$ 500 အတွင်းသာကုန်ကျသည်။ Australia, USA, Canada နိုင်ငံများတွင်လည်း PreMedicine Degree များဆက်လက်တက်ရောက်နိုင်သည်။

Scroll to Top