12 Aug 2020

မန္တလေးမြို့က ကျောင်းသူ ကျောင်းသားများ အင်္ဂလိပ်စာ တိုးတက်ဖို့ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာ အခက်တွေ့နေပါသလား

ကိုယ့်ရဲ့ English Skills ကို စနစ်တကျ အသုံးချနိုင်အောင် ဘယ်လို ပြင်ဆင်မလဲ
.
ဆယ်တန်းအောင်မြင်ပြီး ကျောင်းသူ၊ ကျောင်းသားများအနေနဲ့ ဘာသာရပ်ဆိုင်ရာများနဲ့ အတတ်ပညာအသီးသီးကို ပိုမိုလေ့လာသင်ယူဖို့ ပြင်ဆင်နေကြတဲ့အချိန်မှာ စနစ်တကျနဲ့ လက်တွေ့ပြန်လည်အသုံးချနိုင်ဖို့ ကလည်း တကယ်အရေးပါ ပါတယ်။ အင်္ဂလိပ်စာ သင်ကြားတဲ့နေရာမှာ ခေတ်ရေစီးကြောင်းအရ Online ကနေပဲဖြစ်ဖြစ်၊ ကျောင်းမှာ လက်တွေ့ သင်ယူရာမှာပဲ ဖြစ်ဖြစ် စနစ်တကျနဲ့ ပိုမိုတိုးတက်စေဖို့ သတိပြုလုပ်ဆောင်ရမယ့် အချက်လေးတွေထဲက အချို့ကို ROYAL ACADEMIC INSTITUTE ကနေ မျှဝေပေးချင်ပါတယ်။
၁) ကိုယ်စိတ်ဝင်စားတဲ့ ပညာရပ်နယ်ပယ်တစ်ခုခု(ဥပမာ IT, Make-up, Aerospace, Psychology) နဲ့ ပတ်သက်တဲ့ websites, journals, magazines, YouTube videos တွေကို အမြဲရှာဖွေ ဖတ်ရှုပါ။ ဒါဆိုရင် တစ်ဖက်က ဗဟုသုတရရှိသလို တစ်ဖက်က မိမိအင်္ဂလိပ်စာ (အထူးသဖြင့် Listening, Vocabulary) တိုးတက်လာနိုင်ပါတယ်။
၂) အခုလူတိုင်း Facebook, Messenger, Instagram အသုံးများလာတဲ့ခေတ်မှာ တစ်ဦးနှင့်တစ်ဦး စကားပြောကြတဲ့အခါ Myanglish ကို လုံးဝ (လုံးဝ) မသုံးဘဲ English ကိုပဲ ကြိုးစားအသုံးပြုကြည့်ပါ။
၃) ကိုယ်ကြိုက်နှစ်သက်တဲ့ English သီချင်းတွေကို ကြားတဲ့အတိုင်း လိုက်ညည်းမယ့်အစား စာသား (lyrics) ရှာပြီး လိုက်ဆိုပါ။
၄) Journal ရေးပါ။ စာအုပ်ကလေးတစ်အုပ် (သို့) ကိုယိ့ရဲ့ဖုန်း note app ထဲမှာ တွေ့တာ မြင်တာ စဉ်းစားမိတာ အရာအာလုံး English လိုချရေးပါ။ grammar/spelling/usage မှားမှာ မစိုးရိမ်ဘဲ ရေးချပါ။
၅) ကိုယ်နဲ့ English လို ပြောပေးမယ့် သူငယ်ချင်း၊ မိတ်ဆွေ၊ ပတ်ဝန်းကျင်မျိုး ထားပါ။ အသုံးအနှုန်း/အသံထွက်မှားမှာကို မစိုးရိမ်ဘဲ ပြောချင်တဲ့အကြောင်းအရာကို တစ်ဖက်လူနားလည်အောင် ပြောကြည့်ပါ။
.
RAI မှာ သင်ကြားပေးမယ့် စနစ်တွေနဲ့ ထူးခြားတဲ့ ဝန်ဆောင်မှုတွေက ဘာတွေဖြစ်မလဲ
.
RAI ရဲ့ ထူးခြားတဲ့ ဝန်ဆောင်မှုတွေကတော့
– ကျောင်းသား၊သူတိုင်းကို Placement Test အရင်စစ်ဆေးပေးပြီး အားနည်းတဲ့အပိုင်းတွေပေါ်မှာ ဆရာနဲ့ အသေးစိတ်တိုင်ပင် သင်ကြားပေးခြင်း
– IELTS ဖြေဆိုမယ့် ကျောင်းသူ၊ ကျောင်းသားတွေကို သင်တန်းကြေး တစ်ကြိမ်သွင်းရုံနဲ့ မိမိစိတ်ကြိုက် Band Score ရတဲ့အထိ ပြင်ဆင်ပေးပြီး Exam Date မတိုင်ခင်မှာ ဆရာနဲ့ အနီးကပ် ထပ်မံသင်ကြားပေးခြင်း
– 4 Skills English သင်တန်းသားများအတွက်လည်း IELTS Exam ဖြေဆိုနိုင်တဲ့အဆင့်အထိ ပြင်ဆင်ပေးခြင်း
– သင်တန်းတက်နေစဉ် ကာလအတွင်း ပညာသင်ဆုနဲ့ ပတ်သတ်သော သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ မိမိရဲ့ တိုးတက်မှုများကို level test စစ်ဆေးပေးခြင်း၊ ပညာသင်ဆု လျှောက်ထားလိုသူများအတွက် ပညာသင်ဆုရခဲ့သူများနှင့် အတွေ့အကြုံ စကားဝိုင်း စီစဉ်ပေးခြင်း
– မိမိရရှိထားသော IELTS ရမှတ်များနဲ့ ပညာရေး မှတ်တမ်းများပေါ် မူတည်ပြီး နိုင်ငံတကာ ကျောင်းလျှောက်ထားမှုများ၊ ပညာသင်ဆု လျှောက်ထားမှုများအတွက် အခမဲ့အကြံပေး ဆွေးနွေးပေးခြင်း၊ ကျောင်းလျှောက်ထားခြင်းများ၊ ဗီဇာလျှောက်ထာထားခြင်းများ၊ နေထိုင်ရေးအတွက် စီစဉ်ပေးခြင်းများကိုပါ အခမဲ့ ဆောင်ရွက်ပေးခြင်း
စတာတွေကို ကျောင်းသား၊သူများနှင့် မိဘများအတွက် အသေးစိတ် ဆွေးနွေးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက CROWN EDUCATION & ROYAL ACADEMIC INSTITUTE ရဲ့ ရုံးခန်းကို လူကိုယ်တိုင်ဖြစ်စေ ဖုန်းနံပါတ် 09-975-700-800 နဲ့ 09-975-800-800 တို့ကိုဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Special IELTS & Scholarship Class

ရန်ကုန်နဲ့မန္တလေးမြို့များမှာ သင်ကြားပေးမယ့် Special IELTS & Scholarship Class

အထူးအစီအစဉ် တစ်ခုအနေနဲ့ သင်တန်းကြေးတစ်ကြိမ် ပေးသွင်းရုံဖြင့် မိမိ စိတ်ကြိုက် IELTS Band Score မရမချင်း တစ်နှစ်အတွင်း သင်ကြားပေးတဲ့အစီအစဉ် ဖြစ်ပါတယ်။