ACT Test Center

Royal Academic Institute is an academic branch of CROWN Education that has been working in collaboration with ACT Education Solution Ltd (AES) since 2013 to systematically deliver the Global Assessment Certificate (GAC) program. Royal
Academic Institute – CROWN Education is the only ACT Test Center in Myanmar as well.

ACT မိတ်ဆက်

ACT ဆိုတာကတော့ အမေရိကန်ပြည်ထောင်စု နဲ့ နိုင်ငံတကာရှိ ကောလိပ်ဝင်ခွင့်များအတွက် အသုံးပြုတဲ့ စံပြုစာမေးပွဲတစ်ခုဖြစ်ပြီးတော့ အခုလက်ရှိအထိ Non-profit organization တစ်ခုဖြစ်တဲ့ ACT Inc ကနေ တိုက်ရိုက်စီမံခန့်ခွဲမှု ပြုလုပ်ပါတယ်။  ACT စာမေးပွဲမှာ English, Mathematics, Reading နှင့် Science Reasoning ဆိုပြီး academic skills (4) ခု ပါဝင်ပြီးတော့ နောက်ထပ်တစ်ခုဖြစ်တဲ့  English Writing ကိုတော့ Optional အနေနဲ့ ရွေးချယ်ဖြေဆိုနိုင်ပါတယ်။  ACT exam result တွေကိုတော့ အမေရိကန်ပြည်ထောင်စုရှိ လေးနှစ်တက်ရတဲ့ ကောလိပ်များနှင့် တက္ကသိုလ်များအားလုံးအပြင် အမေရိကန်ပြည်ထောင်စု ပြင်ပမှာရှိတဲ့ တက္ကသိုလ်ပေါင်း 300 ကျော်ကလည်း လက်ခံကြပါတယ်။

ကဏ္ဍလေးခုပါဝင်တဲ့ ACT စာမေးပွဲမှာတော့  1 – 36 အထိ အမှတ်သတ်မှတ်ပေးထားပါတယ်။ ACT စာမေးပွဲ ဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားတွေ အမေးများကြတဲ့ မေးခွန်းလေးတွေအတွက် အောက်ပါ အချက်အလက်တွေကို ကြိုတင်လေ့လာထားနိုင်ပါတယ်။

Test Preparation

စာမေးပွဲဖြေဆိုဖို့အတွက် Test Preparation တွေကို မိမိ နှစ်သက်ရာ ဆရာ၊ ဆရာမတွေဆီမှာ သင်ယူနိုင်သလို ACT ရဲ့ Official Website မှာ တင်ထားပေးတဲ့ အောက်ပါလင့်ခ်ကတဆင့်လည်း Test Preparation ကို ကြိုတင်လေ့လာ လေ့ကျင့်ထားနိုင်ပါတယ်။

https://global.act.org/content/global/en/products-and-services/the-act-non-us/test-preparation.html

Test Registration

စာမေးပွဲဖြေဆိုဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ မိမိဖြေဆိုလိုတဲ့ အနီးဆုံး test date ကို ACT Website မှာ ရွေးချယ်ပြီး ဖြေဆိုနိုင်ပါတယ်။ Test Registration ဆောင်ရွက်တဲ့အခါ (USA / Canada မှ မဟုတ်သော) နိုင်ငံတကာ ကျောင်းသားတွေအနေနဲ့ Non-US Registration ကို ပြုလုပ်ရမှာဖြစ်ပြီး International Test Dates တွေကို မိမိဖြေဆိုလိုတဲ့ နိုင်ငံအလိုက် အောက်ပါလင့်ခ်ကနေ ရွေးချယ် Register လုပ်လို့ ရပါတယ်။

https://global.act.org/content/global/en/products-and-services/the-act-non-us/registration.html

Test Fees

ACT စာမေးပွဲကြေးက တစ်ကြိမ်ကို USD 168.50 ကျသင့်မှာဖြစ်ပြီး Writing အပါ ဖြေဆိုမယ်ဆိုရင်တော့ USD 188.50 ကျသင့်မှာ ဖြစ်ပါတယ်။

Dos and Donts

•    Admission ticket (Registration လုပ်ပြီးတာနဲ့ ကျောင်းသား email ဆီ ပို့ပါတယ်)
•    A valid ID (ဓာတ်ပုံပါတဲ့ ID တစ်ခုခု ဖြစ်ရပါမယ်၊ ဉပမာ။   ။ မှတ်ပုံတင်၊ ပတ်စ်ပို့၊ ကားလိုင်စင်)
•    An approved calculator (အသုံးပြုခွင့်ပေးထားတဲ့ calculator no တွေကို ACT Official website မှာ ကြည့်နိုင်ပါတယ်) တွေ ဖြစ်ပါတယ်။

•    Highlighters/pens/pencils
•    Cell phones, iPods, cameras, electronic timers
•    စာအုပ်စာတမ်းတွေနဲ့ တခြားသော ဖတ်စာအုပ်မျိုးစုံ အစရှိတဲ့ ပစ္စည်းများကိုတော့ Test Room အတွင်း လုံးဝယူဆောင်ခွင့် မပေးထားပါဘူး။

အသေးစိတ်အချက်အလက်တွေ ထပ်မံသိရှိလိုတယ်ဆိုရင်တော့ 09 88-111-08-11, 09 88-111-01-22, 09 88-111-01-33, 09 88-111-01-44 တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Scroll to Top