National University of Singapore (NUS) – Law

The 3-year JD will replace the Graduate LLB (GLB) programme, and it can be completed in 2.5 years in exceptional circumstances.

NUS Law is ranked the #12 law school in the world, and #1 in Asia by Quacquarelli Symonds (QS) 2020. We offer a comprehensive range of specialisations in areas such as Corporate & Financial Services Law, Intellectual Property & Technology Law and International Arbitration & Dispute Resolution, taught by over 70 full-time faculty members and over two dozen adjunct faculty members.

Each year, a number of visiting professors from some of the top universities in the world, including Harvard, Yale, Oxford, Cambridge, the LSE, Melbourne, Seoul National University and University of Hong Kong among many others, also offer elective modules taught intensively over three weeks, thus increasing the richness of your academic experience at NUS Law.

Juris Doctorပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ။

စင်ကာပူနိုင်ငံရှိ တရားဥပဒေများနှင့်စီရင်ထုံးများကို လေ့လာသင်ယူလိုသူများ လျှောက်ထားသင့်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

အသိအမှတ်ပြု ဥပဒေဘွဲ့တစ်ခုရရှိထားပြီး ဥပဒေရေးရာစီရင်ချက်များ ချမှတ်ရသည့် ဂျူရီအဖြစ်် တက်လှမ်းလိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန် (၂)နှစ်သာတက်ရောက်ဖို့လိုအပ်ပြီး ဥပဒေဘွဲ့ရမဟုတ်သည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် (၃)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပါသည်။ ကျောင်းလခအနေဖြင့် S$ 60,027* ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် စက်တင်ဘာလ (15)ရက်နေ့မှ စတင်ကာ ယခု နိုဝင်ဘာလ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

Master of Lawsပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

မြန်မာနိုင်ငံတွင် ဥပဒေဘွဲ့ရရှိထားပြီး စင်ကာပူနိုင်ငံရှိ ဥပဒေရေးရာနယ်ပယ်သို့ ရွှေ့ပြောင်းလုပ်ကိုင်လိုသူများ လျှောက်ထားသင့်ပါသည်။

-Asian Legal Studies,

-Corporate & Financial Services Law,

-Intellectual Property & Technology Law,

-International Arbitration & Dispute Resolution,

-International & Comparative Law and Maritime Law အကြောင်းအရာများအလိုက် သင်ကြားရမည်ဖြစ်ပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်းဝင်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Lawsပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန် (၁)နှစ်ကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 30,000 မှ အများဆုံး S$ 35,600* ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် စက်တင်ဘာလ (15)ရက်နေ့မှ စတင်ကာ ယခု နို၀င်ဘာလ (15)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

NUSကျောင်း၀င်ခွင့် လျှောက်ထားရန်အတွက် လိုအပ်သည့်အရာများ။

– Copy of Passport

– NUS Application Fees

ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မိမိလျှောက်ထားလိုသည့် ပရိုဂရမ်အလိုက် S$ 50မှ S$ 100ကို  NUSသို့ ပေးသွင်းရန်လိုအပ်ပြီး application feesများကိုလည်း waivedလုပ်ပေးမည်မဟုတ်ပါ။

သို့ရာတွင် မိမိတို့အနေဖြင့် အထက်ဖော်ပြပါ NUS Master Degree ပရိုဂရမ်များအနက် ၃ခုမှ ၅ခုအထိ လျှောက်ထားလိုပါက NUSမှ ကောက်ခံသည့် applicationအပြင် ထပ်မံပေးသွင်းရန်မလိုအပ်ပါ။

-Academic transcripts

ဘာသာရပ်တစ်ခုချင်းစီအလိုက် ရမှတ်အနေဖြင့် 75% ခန့်ရှိထားရန်လိုအပ်ပြီး အသိအမှတ်ပြု (၄)နှစ်နှင့်အထက် Bachelor Degreeရရှိထားသူများလျှောက်ထားနိုင်ပါသည်။ သို့ရာတွင် မိမိတို့ ရရှိထားသည့် Bachelor Degreeမှာ (၃)နှစ်နှင့် ဘာသာရပ်တစ်ခုချင်းစီ၏ရမှတ်မှာ 75% အောက်လျော့နည်းပါက အလုပ်အတွေ့အကြုံ (၂)နှစ်နှင့်အထက်ပေါင်းစပ် လျှောက်ထားခွင့်ရှိပါသည်။

-Resume with work experience

-Academic refree reports (၂စောင်)

academic referencesအတွက် လျှောက်ထားသူ၏ အချက်အလက်များကို ပူးတွဲဖော်ပြထားသည့် သက်ဆိုင်ရာဆရာ၊ဆရာမများထံမှ NUSမှ e-mailမှတဆင့် ဆက်သွယ်သွားမည်ဖြစ်ပါသည်။

-Motivation letter (စာလုံးရေ အများအပြားထည့်သွင်းရေးသားရန်မလိုပါ)

-English Proficiency (IELTS Overall 6.0 or TOEFL 85 internet-based or TOEFL iBT, Home Edition accepted)

-GMAT/GRE (ထည့်သွင်းလျှောက်ထားရန်လိုအပ်သည့် ပရိုဂရမ်များအတွက်သာ)

-Other supporting documents (eg. short courses, internship)

-Proof of Fund (Bank Statement)

S$ 40,000 နှင့်အထက်ညီမျှသည့် မိဘ/မိမိ၏ ဘဏ်စာရင်းရှင်းတမ်းတင်ပြပေးရန်လိုအပ်ပါသည်။

ရွေးချယ်နိုင်သည့် Student Accommodation

NUSတွင် တက်ရောက်ခွင့်ရရှိသည့်အခါ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် On-Campus or Off-Campusအဖြစ် နေထိုင်ရန်လျှောက်ထားနိုင်ပါသည်။

On-Campusအနေဖြင့် –

1.Prince George Park residence

2.UTown residence

3.College Green (Bukit Timah campus – Law students)

တို့တွင် တစ်ပါတ်လျှင် S$216မှ $446 ကျသင့်မည်ဖြစ်ပါသည်။ NUSမှ offer letterရရှိသည့်အခါ May 4ရက်နေ့မှ June 3ရက်နေ့အတွင်း accommondationလျှောက်ထားနိုင်မည်ဖြစ်ပါသည်။

Off-Campusအနေဖြင့်-

1.Student hostels – မိမိတို့ရွေးချယ်သည့်အလိုက် တစ်လလျှင် S$ 450မှ S$750နှင့်အထက် ကုန်ကျမည်ဖြစ်ပါသည်။

2.luxury living (1 room) with swimming pool, gym and facilities ပါရှိသည့် Private Condo များတွင် တစ်လလျှင် S$ 700နှင့်အထက်ကုန်ကျမည်ဖြစ်ပါသည်။

3.HDB flat – အိပ်ခန်း၁ခန်းပါရှိပြီး လုံခြုံစိတ်ချရသည့်အတွက် စင်ကာပူနိုင်ငံတွင် 80%အထိ အများဆုံးရွေးချယ်နေထိုင်ကြသည်။ ကုန်ကျစရိတ်အနေဖြင့် တစ်လလျှင် S$ 400နှင့်အထက်သာကုန်ကျပါသည်။

အလုပ်အကိုင်အခွင့်အလမ်း
National University of Singaporeတွင် တက်ရောက်မည့်ကျောင်းသူ၊ကျောင်းသားများအနေဖြင့်
ကျောင်းတက်နေစဉ် တစ်ပါတ်လျှင် (၁၆)နာရီ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိပါသည်။ NUSတွင် တက်ရောက်ပြီးစီးသည့်အခါ မြန်မာနိုင်ငံသို့ချက်ခြင်းပြန်လာရန်မလိုဘဲ long term visit passအနေဖြင့် (၁)နှစ်ဆက်လက်နေထိုင်ခွင့် အလုပ်ရှာခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။

 

CLICK HERE to view Juris Doctor Programs.

CLICK HERE to view Master of Laws (LLM) Programs.

Scroll to Top